Friday, October 31, 2014

ဝိုင်းဝန်းအဖြေရှာပေးကြပါ✏ ထွန်းနောင်

"ဝိုင်းဝန်းအဖြေရှာပေးကြပါ"

မုတ်သုံကပဲအဝင်နောက်ကျတာလား?
မုန်တိုင်းကပဲနေရာမှားလာတာလား?

အိုင်အက်စ်အဖွဲ့ကိုနှိမ်နှင်းနေတဲ့
အမေရိကန်နှင့်အပေါင်းအပါတွေ့ရဲ့
နေ့တိုင်းကြဲချနေတဲ့
အဆမတန်ပြင်းထန်လှတဲ့
စက်လက်နက်တွေကထွက်တဲ့ဓာတ်ငွေ့တွေကြောင့်လား . . .?

ဒါမှမဟုတ်
စာပေတွေထဲကလို
တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူတွေပဲ
မင်းကျင့်တရားနှင့် မညီညွတ်လို့လား . . .?

ဒါမှမဟုတ်
ငါတို့တိုင်းသူပြည်သားတွေကများ
အကျင့်စာရိတ္တတွေ ပျက်ပြားနေကြလို့လား. . .?

မေးခွန်းတွေကများပေမယ့်
သေချာတာတစ်ခုကတော့
ကျွန်တော်နေထိုင်ရာဖောင်းပြင်မြို့မှာ
ကျေးဇူးရှင်တောင်သူတွေလယ်သိမ်းချိန်ကျကာမှ
မိုးတွေအဆက်မပြတ်ရွာသွန်းနေတယ်ဗျာ . . . .။
ထွန်းနောင်(ဖောင်းပြင်)