Saturday, October 25, 2014

မတန် - သူ့ရှင်✏ ကလေး

ပန်းတို့ ပွင့်​လျှက်
မြတ်​နိုး ပန်​ဆင်​သူ မရှိလျှင်
ထို ပန်းပွင့်​ရခြင်းသည်
"မတန်​" ။

သစ်​ရိပ်​​ကောင်းလျှက်
နား​နေ ခိုလုံခွင့်​ မ​ပေးလျှင်
ထို ဖွံ့ဖြိုးရခြင်းသည်
"မတန်​" ။

ခရီး​ကောင်းလျှက်
မြတ်​နိုးသူ မပါခဲ့လျှင်​လဲ
ထို ခရီးသွားရခြင်းသည်
"မတန်​"
"မတန်​ "ဟုပင်​ ထင်​​ပေသည်​...။

သူ့ရှင်​[က ​လေး]