Sunday, October 19, 2014

လွမ်းခွင့် (အညတရ)

ဝေးခဲ့ပြီးတွေးခဲ့သမျှ
ဆွေးရက်နဲ့ မင်းမရှိတော့
နေ့ရက်တွေ ကအသက်မဲ့လို့
နှင်းစက်နှင့်အတူ လွမ်းသူရင်ကို
ထိခတ်ဝေဝါး နှုတ်ဆက်သွားခဲ့ပြီ
ငါရယ်...ကဗျာရယ်....
ကမ္ဘာတစ်နေရာကသာ
အမှောင်ဘက်တခြမ်းမှာ
မင်းပေးသွားတဲ့
အိမ်မက်နဲ့ချိုမြ လို့လေ
တကယ်တော့
ကောင်မလေးရယ်
မြုမှုန့်တပွင့်စာလောက်တောင်
နမ်းရှိုက်ခွင့်မရတဲ့
ငါ့လိုကောင်က နင်ကိုလွမ်းဖို့ကလွဲလို့
ဘာတတ်နိင်မှာလဲလေ။
ို့