Friday, October 31, 2014

ကြိုပြောပါရစေ....( နွေဦး )

ကြိုပြောပါရစေ....

မင်းခြေလှမ်းတွေက
နှလုံးသားကို
အနုနည်းနဲ့ခြွေယူဖို့
မာယာသင်္ကေတ
ညှင်သာစွာလှမ်းလာလေသလား
ငါနှစ်သက်တာ
လေပြေသတ်သတ်မို့
မုန်တိုင်းတွေတော့
ယူမလာပါနဲ့
တံခါးမဖွင့်ခင် ပြောလိုက်မယ်
ဒီရင်ထဲမှာ
မေတ္တာစစ်တို့သာ
ခိုအောင်းခွင့်ပြုတယ်
အနှစ်မပါ အချစ်ဗလာဖြင့်
ဝင်မလာပါနဲ့။
နွေဦး