Thursday, October 30, 2014

ရင်ဝေး. . . .သို့.....✏ အညတရမောင်

ရင်ဝေး. . . .သို့

ရင်ဝေး . . . .
နင်အတွက်အလင်း
တစ်စက်ဖြစ်ဖို့ပေးအပ်ရင်း
အမှောင်ထဲက
ဘာမှပြောင်းခွင့်မရတဲ့
ပြိုယိုင်လဲကျမူမှာ
လွမ်းခဲ့ရတယ်
ဒီလိုညတွေ နဲ့လေ။

ရင်ဝေး . . . .
နင်မတွယ်ပေမဲ့ နွယ်နေတဲ့
ကြိုးတစ်စက အကန့်သတ်ဆိုတဲ့
နယ်ထဲမှာ ငါမမြင်ခဲ့လို့
ဒဏ်ရာတွေက နက်လို့
ဒီိလိုဘဝတွေနဲ့။

တကယ်တော့လေ ရင်ဝေး . . .
ငါကသာ
ကျွံဝင်နေတဲ့နှောင်တွယ်မူနဲ့အိပ်မက်ပြီး
တွယ်ဖက်ခွင့်မရခဲ့သူ တစ်ယောက်လိုပါ
အခုတော့. . .
လွမ်းဆွတ်ကြွေကွဲစွာနဲ့ပေါ့

ကွဲနေတဲ့ ရင်ဘတ်ကို
ပြန်ဆက်ဖို့ အက်ကြောင်း
လိုက်နေတဲ့ မျှော်လင့်ချက်နဲ့
ိခေါက်ရိုးကျိုးနေတဲ့
ဘဝတွေအဖို့မင်းအတွက်
အလင်းတစ်စက်တော့
ဖြစ်ကောင်းပါရဲ့။

အခုတော့ . . ငါမှာ
ရင်နစ်လို့. . . .
ဆုံမှတ်မရှိတဲ့ ဘူတာမှာ
အလွမ်းရထားထွက်သွားတော့
ငါရင်ဘတ်ငါပြန်သိမ်းဖို့
ငါသောကနဲ့ ငါဘာမှပြန်
ရှာမရတော့ဘူးလေ။

အညတရမောင်