Monday, October 13, 2014

ကဗျာဆရာနာမည်နဲ့သစ်​ပင် ✏ ဆူးရဲ

ကဗျာဆရာနာမည်နဲ့သစ်​ပင်
♕ ♕ ♕ ♕ ♕ ♕ ♕ ♕
သူက
သူ့အရိပ်​​လောက်
ဘယ်​အခါမှမ​အေးဘူး
သူ့​ခေါင်း​ပေါ်​ဆောင်းထားတဲ့အိုဇုန်းဟာ
သူ့ရင်​ဘတ်​ကိုတိတ်​တိတ်​ဖွင့်​လို့
ခရမ်းလွန်​ဒုက္ခ​တွေတဖွဲဖွဲစိုက်​တယ်
စုပ်​ယူမှုများများ
ထုတ်​လွှတ်​မှုနည်းနည်း
အပူ​တွေခဲနေတဲ့စိတ်​က
မိုးလဲ​ရေထဲ​တောင်
တဖျတ်​ဖျတ်​​ကြွေတယ်
လောကဓံက
သူကို့ပစ်​မှတ်​ထားပြီး
က​လေးတ​ယောက်​လို
ဓား​ပေါက်​ကျင့်​တယ်
လောက​ထောင့်​ချိုးလမ်း​လေးထဲက
ထောင့်​မကျိုးတဲ့လူငယ်​တ​ယောက်
တစ်​​ထောင့်​တ​နေရာက
ကမ္ဘာကြီးအတွက်
အသားမာတက်​​ပေးချင်​ယုံသက်​သက်​ပါ
ဒဏ်​ချက်​​တွေကြားက နှလုံးသားမှာ
သစ္စာတရား​တွေသီးပွင့်​တယ်​ ။။

ဆူးရဲ