အမေ့မေတ္တာ
နားထှိုင်းနှစ်ဖက် သားအတွက်ဆို
တစ်ဖက်ကမ္ဘာ လှမ်းခေါ်ပါလည်း
မာတာအမိ ကြားနိုင်၏။
ယိုင်နဲ့ခန္ဓာ ကြုံလှီကာလေ
တုန်ရီနေလည်း မေတ္တာမြဲစွာ
ရတနာတွက် မာတာအမိ
ခွန်အားရှိတယ်။
တစ်လတစ်နပ် စားဖို့ခက်တဲ့
ဟင်းချက်အသား အမေစားချင် သားကိုမြင်တော့ စားချင်စိတ်အား ဖျောက်ပစ်ထားပြီး အသားကိုကျွေး ချည်ပေါင်လေးနဲ့ စားလိုက်တယ်။
ညကျန်ထမင်း နနွင်းဝါဝါ
ဆီပါရုံသာ ကြော်ကာကျွေးခဲ့
တို့ရဲ့အမေ သားတွေကျန်မှ
စားခဲ့ရရှာ တစ်ခါတစ်လေ
မကျန်ပေလို့ အမေမစားခဲ့ရှာဘူး။
နွေဦး
နားထှိုင်းနှစ်ဖက် သားအတွက်ဆို
တစ်ဖက်ကမ္ဘာ လှမ်းခေါ်ပါလည်း
မာတာအမိ ကြားနိုင်၏။
ယိုင်နဲ့ခန္ဓာ ကြုံလှီကာလေ
တုန်ရီနေလည်း မေတ္တာမြဲစွာ
ရတနာတွက် မာတာအမိ
ခွန်အားရှိတယ်။
တစ်လတစ်နပ် စားဖို့ခက်တဲ့
ဟင်းချက်အသား အမေစားချင် သားကိုမြင်တော့ စားချင်စိတ်အား ဖျောက်ပစ်ထားပြီး အသားကိုကျွေး ချည်ပေါင်လေးနဲ့ စားလိုက်တယ်။
ညကျန်ထမင်း နနွင်းဝါဝါ
ဆီပါရုံသာ ကြော်ကာကျွေးခဲ့
တို့ရဲ့အမေ သားတွေကျန်မှ
စားခဲ့ရရှာ တစ်ခါတစ်လေ
မကျန်ပေလို့ အမေမစားခဲ့ရှာဘူး။
နွေဦး