Thursday, October 30, 2014

မအတွက် ✏ ဘန်းလောင်သားလေး(ဖြူး)

မအတွက်

မောင်!
နှစ်လွှာတစ်ရွက်
စွယ်တော်ခက်လို
တစ်သက်မခွဲ
တူယှဉ်တွဲရင်း
ရင်ထဲမှေးစက်
ကမ္ဘာပျက်တောင်
တစ်ရက်လေးလဲ
တူမခွဲဘဲ နေချင်တယ်နော်....တဲ့

သြော်.....
ပြောဖူးတဲ့စကား
မောင်ပြန်ကြားရင်း
နားခါးရပြီနော်....

အခုတော့!
ကမ္ဘာမပျက်
ဘဝအက်ပြီး
ရှေ့ဆက်မျှော်မှန်း
ဘယ်ဆီလွမ်းလို့
ဘယ်ကမ်းမှလဲ မမြင်ပြီ.....

ဘန်းလောင်သားလေး(ဖြူး)