ချစ်သူ...သို့
သစ္စာဆိုတဲ့စကားလုံးလေးနဲ့
အချစ်ဆိုတဲ့ခံစားမှုတစ်ခု
နင့်နဲ့ငါ့ကြားမှာရှိနေပြီပဲလေ
စိတ်မချဘူးဆိုတဲ့စကား
မပြောကြေးနော်
ဘဝဆိုတဲ့လမ်းခရီးမှာ
ကိုယ်စီရည်မှန်းချက်တွေအတွက်
လျှောက်လှမ်းနေကြရင်း
နင့်နဲ့ငါ့ကြားဆက်သွယ်မှုက
ဖုန်းမြည်သံလေးတစ်ခုပဲလေ
လေလှိုင်းထဲကအသံလေးတွေကတစ်ဆင့်
တစ်ယောက်ကိုတစ်ယောက်အားပေးရင်း
အလွမ်းတွေကိုမြိုသိမ့်ရင်း ပန်းတိုင်ရောက်ဖို့
ကြိုးစားကြပါစို့နော်
ဆုသက်(ထိန်တော-မိုးညို)
သစ္စာဆိုတဲ့စကားလုံးလေးနဲ့
အချစ်ဆိုတဲ့ခံစားမှုတစ်ခု
နင့်နဲ့ငါ့ကြားမှာရှိနေပြီပဲလေ
စိတ်မချဘူးဆိုတဲ့စကား
မပြောကြေးနော်
ဘဝဆိုတဲ့လမ်းခရီးမှာ
ကိုယ်စီရည်မှန်းချက်တွေအတွက်
လျှောက်လှမ်းနေကြရင်း
နင့်နဲ့ငါ့ကြားဆက်သွယ်မှုက
ဖုန်းမြည်သံလေးတစ်ခုပဲလေ
လေလှိုင်းထဲကအသံလေးတွေကတစ်ဆင့်
တစ်ယောက်ကိုတစ်ယောက်အားပေးရင်း
အလွမ်းတွေကိုမြိုသိမ့်ရင်း ပန်းတိုင်ရောက်ဖို့
ကြိုးစားကြပါစို့နော်
ဆုသက်(ထိန်တော-မိုးညို)