Wednesday, October 22, 2014

နာကျင်ခြင်းလမ်းခဲ

နာကျင် ခြင်းလမ်းခွဲ

အမုန်းနဲ့ လမ်းခွဲမယ့်မင်းကို
အပြုံးနဲ့ နှုတ်ဆတ်ခဲ့ပါတယ်
အကြောင်းပြချက်ကိုသိချင်ပေမဲ့
အပေါင်းရခက်တဲ့
တို့နှစ်ယောက်လက်အစုံကို
ရက်ရာဇာမရွေးပဲ ခပ်နာနာပဲ
မင်းခွဲလိုက်ပါ
နောက်ဆုံးဆိုတဲ့ရာသီမှာ
ဆုံးရှုံးခြင်း သရဖူကိုရင်ဝယ်ပိုက်
ခေါင်းငိုက်စိုက်နေတဲ့ငါ့ကို
မင်းအကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်
လှည့်မကြည့်ပါနဲ့နော်
ယိုင်နဲ့နဲ့ နဲ့ မခိုင်ခန့်တဲ့ငါ့ရဲ့စိတ်တွေ
ရူးသွတ်ပြိုလဲကုန်မှာဆိုးလို့ပါ
လမ်းခွဲလိုက်တယ်ဆိုပေမဲ့
အသဲနှလုံးတစ်သိုက်ကတော့
အောင့်သက်သက်နဲ့
နေရတော့ခက်တာပေါ့

သီရိန္ဒ ဦးသော