ရင်ဝေးရေ. . .
မင်းမျက်ဝန်းအကြည့်တစ်ချက်က
ငါနှလုံးသားကို နွေးထွေးမူ
ပေးနိုင်စွမ်းရှိတယ်ဆိုတာ
နင်မသိနိုင်ဘူး။
ရင်ဝေးရေ . .
မင်းရှိနေတယ်ဆိုတဲ့
ရင်ထဲကခံစားမူအချို့နဲ့ ထပ်တူမျှဖို့
ငါမှာ နောက်ထပ်ပေးအပ်စရာ
နှလုံးသားအပိုမရှိတော့
ငါရင်နစ်လို့ ဒီလိုညတွေနဲ့
ငါအိမ်မက်ရှည်ခဲ့တာကြာပြီ။
ဒီလိုနဲ့ပဲ ရင်ဝေးရေ. . .
ကမ္ဘာကြီး ကျဉ်းကျဉ်းလေးထဲက
ငါတို့ ဘဝတွေ
တစ်မိုးအောက်အတူနေပြီး
မဆုံနိုင်အောင်ဝေးနေလို့
နင်မရှိတဲ့ငါဘဝတွေက
လွင့်ပျယ်ကြွေလွင့် အလွမ်းဖြစ်ခဲ့ပြီ
ရင်ဝေး. . . .
နွေးထွေးတဲ့ စကားလုံးတွေနဲ့
ဝမ်းသာစရာကြားရတိုင်း
ငါနာကျင်နေတာမေ့ပြီး
နင်အဆင်ပြေတယ်ဆိုတဲ့အသိနဲ့
ငါပျော်တယ်။
ရင်ဝေး . . .
နီးခြင်းဝေးခြင်းထက်မင်းရင်ထဲက
ငါမြင်နေရတဲ့ဒဏ်ရာကို
မျှဝေ ခံစားပေးဖို့
ငါရင်ဘတ်မှာမင်းအတွက်
ငြိမ်သက်ခွင့်ရှိတယ်။
ဒါပါပဲရင်ဝေး. . . ငါလေမင်းကို
ဘာမှမတောင်းဆိုရက်ပါဘူး
နင်လိုအပ်တဲ့အခါမှာ
မင်းအတွက်ထပ်တူကြေကွဲဖို့
ငါနှလုံသားမှာခံစားဖို့ခွင့်ပြုပါ
မင်းမျက်ဝန်းအကြည့်တစ်ချက်က
ငါနှလုံးသားကို နွေးထွေးမူ
ပေးနိုင်စွမ်းရှိတယ်ဆိုတာ
နင်မသိနိုင်ဘူး။
ရင်ဝေးရေ . .
မင်းရှိနေတယ်ဆိုတဲ့
ရင်ထဲကခံစားမူအချို့နဲ့ ထပ်တူမျှဖို့
ငါမှာ နောက်ထပ်ပေးအပ်စရာ
နှလုံးသားအပိုမရှိတော့
ငါရင်နစ်လို့ ဒီလိုညတွေနဲ့
ငါအိမ်မက်ရှည်ခဲ့တာကြာပြီ။
ဒီလိုနဲ့ပဲ ရင်ဝေးရေ. . .
ကမ္ဘာကြီး ကျဉ်းကျဉ်းလေးထဲက
ငါတို့ ဘဝတွေ
တစ်မိုးအောက်အတူနေပြီး
မဆုံနိုင်အောင်ဝေးနေလို့
နင်မရှိတဲ့ငါဘဝတွေက
လွင့်ပျယ်ကြွေလွင့် အလွမ်းဖြစ်ခဲ့ပြီ
ရင်ဝေး. . . .
နွေးထွေးတဲ့ စကားလုံးတွေနဲ့
ဝမ်းသာစရာကြားရတိုင်း
ငါနာကျင်နေတာမေ့ပြီး
နင်အဆင်ပြေတယ်ဆိုတဲ့အသိနဲ့
ငါပျော်တယ်။
ရင်ဝေး . . .
နီးခြင်းဝေးခြင်းထက်မင်းရင်ထဲက
ငါမြင်နေရတဲ့ဒဏ်ရာကို
မျှဝေ ခံစားပေးဖို့
ငါရင်ဘတ်မှာမင်းအတွက်
ငြိမ်သက်ခွင့်ရှိတယ်။
ဒါပါပဲရင်ဝေး. . . ငါလေမင်းကို
ဘာမှမတောင်းဆိုရက်ပါဘူး
နင်လိုအပ်တဲ့အခါမှာ
မင်းအတွက်ထပ်တူကြေကွဲဖို့
ငါနှလုံသားမှာခံစားဖို့ခွင့်ပြုပါ