Sunday, October 19, 2014

ချစ်သူ...သိစေ.... ဆုသက်(ထိန်တော-မိုးညို)

ချစ်သူ...သိစေ

တစ်မြေတစ်ရွာ အနေဝေးနေပေမဲ့
ငါ့အချစ်တွေက အေးစက်မသွားပါဘူး ချစ်သူရယ်
အနေဝေးလေ ပိုချစ်လေမို့
အဝေးက မင်းတစ်ယောက်
ငါ့ကိုစိတ်ချထားပေးပါနော်
နင်တစ်ယောက်ကိုပဲ
အသည်းနင့်အောင်
ချစ်ခဲ့ဖူးသူပါဟာ

ဆုသက်(ထိန်တော-မိုးညို)