Thursday, October 30, 2014

လွင်ပြင် ✏ စည်သူငြိမ်း

လွင်ပြင်

ညှို့ချက်ကလှ လှလွန်းလှ
ကောင်းကင်က ငိုက်ကျလာပြီး နမ်းရ။
လေယာဉ်ပျံ၊ ငှက်၊
တိမ်တိုက်၊ လမင်း၊ သစ်ရွက်
ပက်လက်လှန်ကြည့်ရင်း
အပြည့်အ၀လွတ်လပ်ခြင်းနဲ့
တမြုံ့မြုံ့မြည်း
လေစိုင်တွေ ခရီးသွားကြ
ရင်ဘတ်ပေါ်မြက်နဲ့
သက်ရှိအချို့ကစော်ကားကြတာကိုပင် ရင်မနာတတ်သေး
နေရာဖဲ့ပေးတဲ့ ရိုးရိုးကြီးလေ။

စည်သူငြိမ်း
(မြားနတ်မောင်/၁၉၉၆)