ကောသလမင်းကြီးအိမ်မက်(၂)
"အချိန်မကျခင်ကရုက္ခတဲ့သစ်ပင်ငယ်
ဖူးငုံတံပွင့်ကာမှီ သီးကြသွယ်သွယ်
မိန်းမငယ် သူငယ်ယောင်္ကျား
ချစ်မေတ္တာပိုလျှံလို့ ရွယ်မတန်
သန္ဓေမြတ်ကိုစွဲကပ်လို့ဖွား"။
မြတ်စွာဘုရား တပည့်တော်သည်
နှစ်ခုမြောက်သောအိမ်မက်ကို
ဤသို့မြင်မက်ပါသည်ဘုရား။
အလွန်ငယ်ကုန်သောသစ်ပင် ချုံနွယ်တို့သည်မြေမှပေါက်ခါစ တစ်ထွာတစ်တောင်မျှရှိကုန်သေးသဖြင့် မသင့်မဖွယ်အရွယ်မကြီး အပွင့်အသီးတို့ဖြင့်ပွင့်ကြသီးကြသည်တို့က
ိုမြင်မက်ပါသည်ဘုရား။
ဤအိမ်မက်၏အကျိုးသည်လည်း
အသို့ဖြစ်ပါလတံ့နည်းဘုရား။
ဒကာတော်မင်းကြီး.....
ဤအိမ်မက်၏အကျိုးသည်လည်း
ငါဘုရား၏လက်ထက်၌လည်းကောင်း သင်မင်းကြီး၏လက်ထက်၌လည်း ကောင်းမဖြစ်လတံ့။ နောင်သောအခါလောကကြီး
ဆုတ်ယုတ်ကာလူတို့အသက်တို သောအခါကျရောက်မှဖြစ်လတံ့။
နောင်သောအခါသတ္တဝါတို့သည်
ပြင်းစွာတပ်မက်သော ရာဂရှိကုန်ကြ၍
အရွယ်သို့မရောက်ခင် အလွန်ငယ်ကုန်သော သူတို့သမီးတို့သည် အိမ်ယာတည်ထောင်ကာ ကိုယ်ဝန်ဆောင်ကြကုန်လျှက် သားဖွားခြင်းအမှု ပြုကုန်လတံ့။
တစ်ထွာတစ်တောင်မျှသောသစ်ပင်
ချုံနွယ်တို့သည်ပွင့်ကုန်သီးကုန် သကဲ့သို့ သူတို့သမီးငယ်တို့သည်
အိမ်ယာတည်ထောင်ခြင်း ကိုယ်ဝန်ဆောင်ခြင်း သားသမီးမွေးဖွားခြင်း တို့ကိုပြုကုန်လတံ့။
ဓမ္မသဘောဖြင့်သာမြင်နိုင်ကြပါစေ.....
(အရှင်အာလောက-ရေဝိုင်း)