Tuesday, October 21, 2014

ချစ်သူ-သူငယ်ချင်း ✏ ဆုသက်အောင်(ထိန်တော-မိုးညို)

ချစ်သူ-သူငယ်ချင်း

သူငယ်ချင်းချစ်သူလေး
ငါနဲ့အဝေးမှာမင်းတစ်ယောက်
အဆင်ပြေရဲ့လား
ငါမသိတဲ့နောက်ကွယ်မှာ
မင်းသစ္စာတော့ရှိပေးပါနော်
အတူတက်ဖူးတဲ့ကျောင်းကြီးကိုမြင်တိုင်း
ငါနင့်ကိုလွမ်းတယ်
အတူလျှောက်ခဲ့ဖူးတဲ့လမ်းတွေရောက်တိုင်း
ငါနင့်ကိုသတိရတယ်
သူငယ်ချင်းသံယောဇဉ်နဲ့
အရမ်းချစ်ရတဲ့သူလေးမို့
နင်ပြန်လာမဲ့နေ့ရက်တွေကို
လက်ချိုးရေလို့
နင့်ရဲ့ချစ်သူသူငယ်ချင်းလေး
နင့်ကိုစောင့်နေတယ်

ဆုသက်အောင်(ထိန်တော-မိုးညို)