Tuesday, October 21, 2014

သူငယ်ချင်းသို့..... ဆုသက်အောင်(ထိန်တော-မိုးညို)

သူငယ်ချင်းသို့.....

သူငယ်ချင်းတဲ့
ဒီစကားလေးတစ်ခွန်းက
နင်နဲ့ငါကြား စည်းခြားစေခဲ့တယ်
ခင်မင်မှုဆိုတဲ့ အဖြူရောင်စည်းလေးကို
ငါ့တိုဖြတ်ကျော်ဖို့ မကြိုးစားသင့်ဘူးနော်
ဒါပေမဲ့ သူငယ်ချင်းရယ်
နင်မသိနိုင်ပေမဲ့
နင်မသိတဲ့ငါ့ရင်ထဲကခံစားမှုတွေကို
ကဗျာတစ်ပုဒ်အဖြစ်
အသွင်ပြောင်းရင်း ငါဆုတောင်းမိတယ်
ငါ့ရဲ့အဝေးက နင်တစ်ယောက်
ငါနဲ့အဝေးမှာ ပျော်ရွှင်နိုင်ပါစေလို့

ဆုသက်အောင်(ထိန်တော-မိုးညို)