ပင်လယ်မှောက်တဲ့လှေ
သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက် မ၀င်နိုင်တော့တဲ့
နွယ်မြက်သစ်ပင်တွေ တရွေ့ရွေ့
ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိ ညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ
အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်း လပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ။
ဆုတောင်းတိုင်းရတတ်တဲ့
အရာတွေထဲမှာ ကတိသစ္စာမပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့
စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ်။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ် ဒါဟာ.....
ကံကြမ္မာရဲ့အလိုတော်ပါ လို့
ဝန်ခံလိုက်ရရင်ကောင်းမလား...
ကိုယ့်ကိုယ်ကို မကြားတကြား
ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ...
ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။
မနော်ဟရီ မုခ မဂ္ဂဇင်း ၂၀၀၁/ ဒီဇင်ဘာ
သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက် မ၀င်နိုင်တော့တဲ့
နွယ်မြက်သစ်ပင်တွေ တရွေ့ရွေ့
ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိ ညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ
အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်း လပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ။
ဆုတောင်းတိုင်းရတတ်တဲ့
အရာတွေထဲမှာ ကတိသစ္စာမပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့
စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ်။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ် ဒါဟာ.....
ကံကြမ္မာရဲ့အလိုတော်ပါ လို့
ဝန်ခံလိုက်ရရင်ကောင်းမလား...
ကိုယ့်ကိုယ်ကို မကြားတကြား
ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ...
ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။
မနော်ဟရီ မုခ မဂ္ဂဇင်း ၂၀၀၁/ ဒီဇင်ဘာ