Friday, October 31, 2014

သွားနှင်ဦးအမေ.... နွေဦး

သွားနှင်ဦးအမေ....

အမေ သားတို့အားလုံးဟာ
သင်္ခါရကမ္ဘာက
အနိစ္စသားကောင်တွေမို့
ဓားတောင်ကာရံလည်း
မလွန်ဆန်နိုင်တာသေခြင်းတရား
တားမရလို့ အမေခမျာ
သားတို့ကို
ထားသွားရရှာပြီနော်
သြော် အမေရယ်....
ကံကြုံတုန်းဆုံရ
ကံကုန်လို့ခွဲကြ
သဘာဝတွေမို့
သား တရားနဲ့ဖြေပါတယ်
မှားခဲ့တာရှိရင်
ဝန်ချတောင်ပန်ပါရစေအမေ။

နွေဦး