Wednesday, October 29, 2014

ကျွမ်းလောင်ပါစေ....နွေဦး

ငါဟာ
ဆေးတစ်လိပ်ဆိုရင်
မင်းနှုတ်ခမ်းမှာပဲ
တမြေ့မြေ့ကျွမ်းလောင်ပါရစေ....
နှေးနှေး မြန်မြန်
ကြိုက်သလိုဖွာရှိုက်ပါ
မသောက်ဘဲညှိထား
လေ စားလို့တော့ မကုန်ပါရစေနဲ့။
အခိုးငွေ့တွေ့
လွင့်တက်ပျောက်ကွယ်သွားလည်း အာနိသင်က
မင်းထံကျန်ခဲ့မှာပါ။
ငါ့ဘဝ မင်းအာသာပြေလို့
ိခမ်းမှစွန့်ပစ် ခြေထောက်ဖြင့်နင်းချေ
ပြာကြွေရင်းကုန်
ငါသေမင်းနဲ့ဆုံရင်တောင်
ကိုယ်ထည်သာ နေဝင်မယ်
ပေးဆပ်ဖို့ နှလုံးသားက အာရုံဦးပါ။

နွေဦး