Wednesday, October 22, 2014

ခဏလောက်ပြန်ခဲ့ပါကွာ....

တကယ်ဆို---
အချစ်ဆိုတာ.....အလွမ်းများစွာနဲ့
တန်ဆာဆင်ထားမှန်းသိရင်
လွမ်းဆွတ်ဖို့မကြိုးစားခဲ့ပါဘူး
လျှောက်မိတဲ့လမ်း
နမ်းမိတဲ့ပန်းတစ်ပွင့်အတွက်
ပေးဆပ်ခဲ့ရတာက
အလွမ်းတွေချည်းပါပဲ
နီးခြင်းဝေးခြင်းနိယာမ တရားထဲ
ကိုယ့်လိပ်ပြာကိုတိုင်တည်ပြီး
တိတ်တိတ်လေးကြေကွဲနေရတာလည်း
ကြာခဲ့ပါပြီ
ချစ်သူရေ.....
အနေဝေးပေမဲ့
နှလုံးသားအေးစက်မနေစေဖို့အတွက်
ရင်ခုန်သံတွေပြန်နွေးရတယ်ဆိုတာ
သိနေပါ့မလား....!
ခါးသီးတဲ့အချိန်တွေကို ကြိတ်မှိတ်
တိတ်တဆိတ်မျှော်လင့်ချက်တွေနဲ့
တို့နှစ်ဦးဆုံမှတ်အဖြစ်ထားခဲ့တဲ့ ကောင်းကင်ကို
မော့ကြည့်ခဲ့တာလည်း
အလွမ်းဆိုတာပိုကဲလာတယ်
ချစ်သူရေ....
အထီးကျန်မှုတွေနှင့်သာ
ရွက်လွင့်နေရတဲ့လူအတွက်
ချစ်တယ်ဆိုတဲ့စကားလေး
ပြောဖို့အရေး
ခဏလောက်တော့ပြန်ခဲ့ပါကွာ.....