Sunday, October 19, 2014

မျောလွင့်မိတဲ့ညတစ်ည

" မျောလွင့်မိတဲ့ညတစ်ည "

ည....
တိတ်ဆိတ်နေတယ်
တိုးတိတ်နေတယ်
စိုးထိတ်နေတယ်

တံစက်မြိတ်ကျရေသံ
တစက်စက်က
လွမ်းချင်းကိုတိုးပွားစေတယ်

ကိုယ် မျက်ခွံတွေ မပိတ်သေးဘူး
အတွေးယာဉ်ကြောမှာ မျောလွင့်ရင်း
အမည်ဖော်မရတဲ့
ဝေဒနာကိုတစိမ့်စိမ့်နဲ့ မြည်းနေမိတယ်

ဘာတွေလုပ်နေလဲ
ဘယ်ဆီရောက်နေလဲ
မတွေးဘူးဆိုပေမယ့်
ခေါင်းထဲကမောင်းထုတ်လို့မရအောင်
စိုးမိုးလွန်းနေတယ်

မိုး......
အငြိုးတကြီးနဲ့ပဲရွာချရအောင်
ဆုတောင်းရမလား
မိုးသံနားစွင့်နေတာတောင်
ကိုယ့်နားထဲ
အသံချိုချိုနဲ့ ခေါ်သံလေးတစ်ခုကို ကြားယောင်နေတုန်း

မမြင်ဘူးခဲ့တဲ့
(မြင်ခွင့်မရခဲ့တဲ့)
အပြုံးတစ်ပွင့်ကို
စိတ်မှန်းနဲ့ပဲမြင်ယောင်မိနေတုန်း

တစ်ခါကညည့်နက်နက်မှာ
တီးတိုးစကားဖောင်ဖွဲ့
ပြောခဲ့ဖူးတာက အတွေးထဲမှာ
ဝိုးတ၀ါးပါပဲ

လွမ်း....တမ်းတတနဲ့
မှန်းဆ ရမ်းရော်ရင်း ညတစ်ညကို
ရှည်လျားစွာ
ကိုယ်ဖြတ်သန်းနေမိတယ်.....

MAYKO