Tuesday, October 28, 2014

ရင်ဝေး. . .

ရင်ဝေး. . .
ပေါင်းစပ်ခွင့်မရတဲ့
နှလုံးသားနှစ်ခုရဲ့အဝေးမှာ
ငြိမ်သက်မွန်းကျပ် စကားလုံးမဲ့
အထီးကျန်ခြင်းနဲ့အိမ်မက်တွေသာ
ရှိခဲ့တယ်။

ရင်ဝေး. . .
ကာရန်မညီတဲ့ ရင်ခုန်သံအသေမှာ
မျှော်လင့်ခြင်းတွေပုတ်သိုး
အလွမ်းတွေပျိုးလို့
အမြဲသတိရခြင်းသာရှိတယ။်

ရင်းဝေ . . ..
ငါအိမ်မက်တွေဘယ်လောက်ဆိုးဆိုး
နင်ပေးတဲ့ နာကျင်ခြင်းမှာ
ငါမြတ်နိုးမူတွေအတိရှိတယ်။

ဒါပါပဲ. . . .
ချစ်ခြင်းမုန်းခြင်းရဲ့အခြား
တဘက်မှာနင်ကို ငါယုံကြည်တာ
တစ်ခုထဲပါရင်ဝေး။