Monday, October 13, 2014

အိမ်​​ဖော် ✏ လူခါး

အိမ်​​ဖော်
♨ ♨ ♨

ဆေးချပစ်​လိုက်​တဲ့
ကြမ်းပြင်​ထက်​မှာ
မာန​တွေပါသွားတယ်
အမြင့်​ပျံဖို့ထက်
ချမနင်းခံရဖို့အ​ရေး
အ​ဖေအ​မေနဲ့
လယ်​ကွင်းစိမ်းစိမ်း​တွေကို
စ​တေးခဲ့သူပါ။
ကျောင်းမထားနိုင်​​သေးတဲ့ညီမ​လေးအပူက
ရင်​ဘတ်တည့်​တည့်​​လောင်​တဲ့မီးထက်​ပိုပူတယ်
ထွေးမြရယ်​ဘ၀ဆိုတာ
စာချုပ်ပေါ်က
လက်​မှတ်​​က​လေးတခုမျှပါပဲ။ ။

လူခါး