Thursday, October 30, 2014

ဆောင်းရာသီအလွမ်း ✏ poo lay

ချမ်းအေးလွန်တဲ့ ဆောင်းရာသီမှာ
မင်းရဲ့နွေးထွေးမှုကို တမ်းတနေမိတယ်
နှင်းတွေတဖွဲဖွဲ ကျနေပေမယ့်
မင်းမရှိတဲ့ ဒီဆောင်းထဲမှာ
အလွမ်းတွေ ရင်မှာဝဲလို့
ကြေကွဲနေမိတယ်.....

ပြန်ခဲ့ပါကွယ်အချစ်ရယ်....
ကျန်ခဲ့သူကို ဝေဒနာပေးလို့...
အလွမ်းခြေရာလေးတွေနဲ့....
အလှမ်းဝေးစေဦးမှာလား...

ပြန်လာပါတော့နော်....
ဆောင်းရာသီထဲက
နှင်းဖွဲကိုမြတ်နိုးတတ်တဲ့
ဆောင်းသခင်ရယ်....

Poo lay