Friday, October 31, 2014

စိမ်းရက်လေဦး ✏ နိုင် (ညောင်ဦး)

* စိမ်းရက်လေဦး *

လှည့်မကြည့်ပါနဲ့
အစ်ကိုပဲကြည့်နေပါရစေ
(မုန်း)မေ့လိုက်ပါတော့ကွယ်
အစ်ကိုပဲ ချစ်နေပါရစေ
ပြုံးရက်ဖြင့်သာ ထွက်သွားပါ
အစ်ကိုပဲ ငိုနေပါရစေ
ထားခဲ့လိုက်ပါ
ညီမပျော်ရင်
အစ်ကို့ရင်တွေ
ကွဲရဲရမှာပေါ့
အပြစ်မတင်ရက်ပေမဲ့
သြော်... ရင်ထဲမှာတော့
စိမ်းရက်လေဦး .....

နိုင် (ညောင်ဦး)