ချစ်သူထံသို့. (လျှို့ဝှက်လွမ်း)
လမဲ့တဲ့ ညအမှောင်
သီချင်းမဲ့တဲ့ ဂစ်တာ
ကာရန်မဲ့တဲ့ ကဗျာ
နင်မရှိတဲ့ ငါ
အားလုံးဟာ
သူတို့ရဲ့ပိုင်ရှင်တွေကို
မျှော်လင့်တောင့်တနေကြတယ်
နင်ထားခဲ့တဲ့ ငါဟာ
တစ်ခါတစ်ခါမှာ
လရောင်မဲ့တဲ့ ညအမှောင်လို
တစ်ခါတစ်ရံမှာ
သီချင်းမဲ့တဲ့ ဂစ်တာလို
တစ်ခါတစ်လေမှာတော့ဟာ
ကာရံမဲ့တဲ့ ကဗျာတစ်ပုဒ်လို
နင့်ကိုမျှော်လင့်နေမိတယ်
အရာအားလုံးပြည့်စုံသွားအောင်
ပြန်လာခဲ့ပါ
ဘဝရဲ့အိမ်လေးရယ်
လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)
လမဲ့တဲ့ ညအမှောင်
သီချင်းမဲ့တဲ့ ဂစ်တာ
ကာရန်မဲ့တဲ့ ကဗျာ
နင်မရှိတဲ့ ငါ
အားလုံးဟာ
သူတို့ရဲ့ပိုင်ရှင်တွေကို
မျှော်လင့်တောင့်တနေကြတယ်
နင်ထားခဲ့တဲ့ ငါဟာ
တစ်ခါတစ်ခါမှာ
လရောင်မဲ့တဲ့ ညအမှောင်လို
တစ်ခါတစ်ရံမှာ
သီချင်းမဲ့တဲ့ ဂစ်တာလို
တစ်ခါတစ်လေမှာတော့ဟာ
ကာရံမဲ့တဲ့ ကဗျာတစ်ပုဒ်လို
နင့်ကိုမျှော်လင့်နေမိတယ်
အရာအားလုံးပြည့်စုံသွားအောင်
ပြန်လာခဲ့ပါ
ဘဝရဲ့အိမ်လေးရယ်
လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)