Monday, October 13, 2014

လမ်းခွဲ ( နှင်းဆီဝိုင်)

''လမ်းခွဲ''

မင်းချမှတ်တဲ့ဒီလမ်း
မှန်မယ်ထင်လို့
ခပ်မှန်မှန်ပဲ
ငါ လျှောက်ဖြစ်တယ် ချစ်သူ
နာကျင်နေသော်လည်း
မင်းပျော်မယ်ထင်လို့ပါ
မျက်ရည်တချို့ကို
ငါ သိမ်းဆည်း
ကံတရားကြီးကိုလည်း
အပြစ်မဆိုပါဘူးကွယ်
အားနည်းနေတဲ့
ငါ့နှလုံးသားက
မင်းအတွက်မှ
မတောက်ပနိုင်ခဲ့တာ
ငါ . . . . . ရပါတယ်
ချစ်သူ ပြောပြဖို့တောင်
အားမရှိ မင်းအကြည့်တွေတောင်
ရိုးသွားပါပေါ့လားဟင်
မပြောရက်ဘူး!
မပြောတော့ဘူး!
ငါတိတ်တိတ်ကလေးပဲ
ကျန်ခဲ့ပါ့မယ်
ဝေးသွားခဲ့ချိန်မှာတော့
ချစ်သူ မင်းဂရုစိုက်နော်
ဘာအတွက်မှ မငိုမိပါစေနဲ့
ချစ်သူရယ်နော် . . . . .

နှင်းဆီဝိုင်