Monday, October 6, 2014

အမေ.... ထီးဖြူရှင်

အမေ....

အမေဆိုတာ.....
အရာရာကို သာသာယာယာ
အခါခါလည်း ခွင့်လွတ်နိုင်တယ်

အမေဆိုတာ.....
အကြင်နာအပြုံး အညင်သာဆုံးနဲ့
အစဉ်သာနှလုံး လှသူလည်းဖြစ်တယ်

အမေဆိုတာ.....
အလင်္ကာတေး ရွှင်စရာပေးလို့
ရင်မှာနွေးထွေး နှစ်သိမ့်နိုင်သူလည်းဖြစ်တယ်

အမေဆိုတာ.....
သာယာငြိမ့်ညောင်း
ပျော့ပျော့ပျောင်းပျောင်းနဲ့
ဘဝကျောင်းရဲ့
ကျောင်းအုပ်ကြီးလည်းဖြစ်တယ်

ထီးဖြူရှင်