Wednesday, October 1, 2014

ချစ်သူ (ဆောင်းဦးနွေ-ထုံးဘို)

ချစ်သူ

ပြီးဆုံးခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အတွက်
ငါအဖြေရှာဖော်ထုတ်နေတာ
မဟုတ်ဘူးချစ်သူ
အောင့်သက်သက်အနမ်းများ
အောင့်သက်သက်အလွမ်းများ
အောင့်သက်သက်အထိအတွေ့များ
ဒါတွေဒါတွေအတွက်
ငါ့နှလုံးသားက လျစ်လျူရှုနေလို့မရဘူးချစ်သူ
မင်းက နေတတ်လို့
ကျေနပ်နေပေမဲ့
ကျန်ခဲ့တဲ့ငါ့မှာတော့
မင်း...ချန်ခဲ့တဲ့ဝေဒနာတွေကြောင့်
ရင်ခွင်မှာဗလပွဖြစ်နေတာ
မင်းမှမသိတာ...။

(ဆောင်းဦးနွေ-ထုံးဘို)