Thursday, October 9, 2014

ညီမလေးဖတ်ဖို့. (လျှို့ဝှက်လွမ်း)

ညီမလေးဖတ်ဖို့. (လျှို့ဝှက်လွမ်း)

ညီမလေးရယ့့် 
မျိုသိပ်ခဲ့ရတဲ့ရက်ပေါင်းများစွာကို
ကျော်လွန်ပြီမှ သူစိမ်းဆန်တဲ့စကားလုံတွေကြောင့် ကိုယ့်နှလုံးသားလေး ငိုကြွေးရပြန်ပြီ ကျိန်စာသင့်တဲ့အချစ်မျှားကို
သီးသန့်ပြုစုပြီး မျှားနတ်မောင်က ကိုယ့်ရဲ့အသဲကိုလန့်နိုးစေခဲ့တယ်ထင်ပေါ့ ချစ်တယ်လို့ဖွင့်ပြောပြီးမှ ညီမလေးရဲ့အစိမ်းသက်သက်
အမုန်းတစ်ခုကြောင့်
စိတ္တဇညအမှောင်ကို ကိုယ်မုန်းတီးရင်းနဲ့ မနက်ဖြန်တွေကိုကြောက်ရွံ့လာခဲ့တယ် သေမိန့်ကျပြီးတဲ့ကိုယ့်နှလုံးသားလည်း သူ့ကိုယ်သူလုပ်ကြံလို့ အရိုးဆွေးခဲ့ပေမယ့် ညီမလေးရဲ့ပုံရိပ်တွေ ကိုယ့်ရင်ဘက်ထဲမှာ ထင်နေဆဲပါဟာ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)