Thursday, October 9, 2014

သင်းကွဲကြယ်ဘဝ. ( အဆိပ်သင့်လူသား )

သင်းကွဲကြယ်ဘဝ

ဝေးကွာခဲ့ကြပြီ ဆိုပေမဲ့
ငါရှုရှိုက်နေတဲ့ လေထုထဲမှာ
မင်းရဲ့ရနံ့တွေ သင်းပျံ့နေဆဲပါ
တခဏတာ
တွေ့ဆုံခဲ့ကြတာဖြစ်ပေမဲ့
တစ်ဘဝစာလွမ်းဖို့လောက်တော့
ငါရယူနိုင် ခဲ့ပါတယ်
ကျေနပ်ပါတယ်လေ....
မဆုံးနိုင်လို့ ဝေးခဲ့တာလို့ပဲ
အသဲမှာ ကမ္ဗည်းတင်ထားပါမယ်
လွမ်းဖို့ဆုံခဲ့ကြတာ မဟုတ်ပေမဲ့
ဆုံလို့လွမ်းခဲ့ရတာကိုတော့
ငြင်းလို့မရနိုင် ပါဘူး
မိန်းက လေးရယ်
လေ တွေကို တိမ်ကစီး
အ ပျော်ကြီးပျော်နေတဲ့
အချိန် သံခေါင်းယံမှာ
ငါတစ်ယောက်ထဲ
သင်းကွဲကြယ်လေး
ဖြစ်နေပြီပေါ့ကွာ....

အဆိပ်သင့်လူသား