Saturday, October 4, 2014

မ​ပြောင်းလဲပါဘူး N L W

မ​ပြောင်းလဲပါဘူး

ဘာလိုလိုနဲ့ ​အေးခဲစ​ဆောင်းလရာသီ
နှင်းစက်​​တွေ ​ဖွေးလွှလွှနဲ့
ကြိုလင့်​​နေပြီ​ပေါ့​နော်
ရာသီ​တွေအလီလီ​ ပြောင်းလဲခဲ့​ပေမဲ့
ဒို့နှစ်​​ယောက်​ရဲ့ ချစ်​ခြင်းတရား​တွေ
မ​ပြောင်းလဲခဲ့ဘူး​နော်
တစ်​ချိန်​က
နင်​​ပြောခဲ့ပါတယ်​​လေ....
တိမ်​ဝလ္လာခွင်​က လမင်းကြီး
မကွယ်​​ပျောက်​သ​ရွေ့
ဒို့နှစ်​​ယောက်​ရဲ့ ချစ်​ခြင်းတရားက
မ​ပြောင်းလဲပါဘူးလို့​လေ....
နင်​​ပြောစကား ငါ့'နားမှာပဲ့တင်​ထပ်​လျက်​ပါ
မ​ပြောင်းလဲတဲ့ ချစ်​ခြင်းနဲ့
မြင်​​နေကျ နင့်​အပြုံ​လေး
ထာဝရမြင်​ပါရ​စေ​တော့ ကွယ်


N L W