Friday, October 3, 2014

သူ့အတွက်ထားရှိသော ရင်ဘက်တစ်နေရာ၏ ထပ်ဆင့်အလွမ်း persi(အရာတော်)ဟန်ယူရီမွန်သို့

သူ့အတွက်ထားရှိသောရင်ဘက်တစ်နေရာ၏
ထပ်ဆင့်အလွမ်း

ဘာမမဖြစ်ပါဘူးဆိုတဲ့
စကားနောက်မှာခံစားချက်
တွေရှိတယ်...တဲ့
ဟုတ်ပါတယ်
ခံစားချက်တပုံတပင်နဲ့ပါ

ရပါတယ်ဆိုတဲ့ အဖြေနောက်မှာ
ကြေကွဲမှုတွေရှိတယ် ဆိုပြန်ရော
ဟုတ်ပါတယ် ဝမ်းနည်းပူဆွေးမှုလဲ
ပါတာပေါ့

ပြုံးပြ နေတဲ့နှုတ်ခမ်းတစ်စုံရဲ့နောက်မှာ
မျက်ရည်ဝဲနေတဲ့ မျက်ဝန်းတစ်စုံရှိတယ်ဆိုပဲ
ဟုတ်ပါတယ်
မျက် ရည်ဝဲယုံတင် မဟုတ်ပါဘူး
အဲ့ဒီမျက် ရည်လေးတွေတောင
်မြေပြင်သက်ဆင်းတတ်နေပြီ
ချစ်သူ

တကယ်တော့....
မျိုသိပ်မှုဆိုတာကို
ကိုယ်တိုင်နာကျင် ကောင်းနာကျင်လိမ့်မယ်
တစ်ဖက်လူလဲနာကျင်နေမယ်ဆိုတာရော
မသိခဲ့တာလား ချစ်သူရယ်.......

persi(အရာတော်)
ဟန်ယူရီမွန်သို့