Wednesday, September 10, 2014

ငယ်ချစ်ဦး (အညတြ လုလင်)

ဒီအချစ်ကြောင့်  စိတ်မညစ်ချင်
  မြင်မြင်သမျှ ချစ်လို့ရလျင်
  ကြင်ကြင်သမျှ ချစ်သူဖြစ်ကြ
  ချစ်ကြိုက်ညားကွဲ ဇာတ်လမ်းများဖြစ်
  နေ့သစ်မကူး မထူးဇာတ်သာဖြစ်မည်ထင်။

  ခင်လည်းခင်ရ ကြင်လည်းကြင်ရ
  ချစ်လို့မဝ ငယ်ဘဝတွင်
  တွယ်နှောင်ရစ်ငင် သံယောဇဉ်ဖြစ်
  ငယ်ကချစ်တာ နှစ်တစ်ရာတိုင်
  ခိုင်ခိုင်မြဲမြဲ မလွဲသစ္စာဖြစ်မည်ထင်။

  ချစ်သူစင်စစ် ဧကန်ဖြစ်ဖူး
  နဖူးစာပါ ဖြစ်ခဲ့ပါသော်
  အနာဂါတ်တွက် ချစ်သက်လက်ဆောင်
  မောင်မှတ်ယူထား  ကြားလူဖျက်လည်း
  မပျက်သစ္စာ ရှိပါစေသောဝ်။

  အညတြစာဉ် (၃၀၂)