Wednesday, September 10, 2014

ဗိုလ်ချုပ်အောင်​ဆန်းကိုယ်တိုင်ရေးကဗျာ

ဗိုလ်ချုပ်အောင်​ဆန်းကိုယ်တိုင်ရေးကဗျာ

ငါ့အား.......
ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ ၊

 ယင်းမှောင်​မိုက် အတွင်းမှနေပြီး
အနိုင်​မခံ ၊ အရူံးမ​ပေးလိုသောငါ့စိတ်ကို

ဖန်ဆင်းပေးသူ နတ် ၊ သိကြားတို့အား
ငါသည် ကျေးဇူးစကားဆိုပါ၏။

လောကဓံတရား၏ လက်ခုပ်တွင်းသို့
ဘယ်လိုပင်​ကျရောက်စေကာမူ
ငါကား မတုန်လှုပ် ၊ မငိုကြွေး
ကံတရား၏ရိုက်ပုတ်ခြင်းဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည်
သွေးသံတို့ဖြင့် ရဲရဲနီနေ၏
သို့သော် ညွှတ်ကား ၊ မညွှတ် ။

လောဘ ၊ ဒေါသ တို့၏
ကြီးစိုးရာဌာန၏ အခြားမဲ့ကား

သေခြင်းတရားသည်
ကြောက်မက်ဖွယ်​ရာ ငံ့လင့်နေ၏ ။
သို့ပင်​မူ ငါ့အား မတုန်မလှုပ်သည်ကိုသာ
တွေ့ရအံ့ နောက်​ကိုလည်းဘယ်တော့မှ မ​ကြောက်သည်ကို တွေ့ရ​ပေအံ့ ။