ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးကဗျာ
သုဂတိသွားရာ ....
တံခါးဝသည် မည်မျှပင်
ကျဉ်းမြောင်းသည်ဖြစ်စေ....
ယမမင်း၏.....
ခွေးရေပရပိုက်တွင်
ငါ၏အပြစ်ကို မည်မျှပင်
ရေးမှတ်ထားသည်ဖြစ်စေ....
ငါကား ဂရုမပြု ငါသာလျှင်
ကံ၏အရှင်သခင်ဖြစ်ပြီး
ငါသာလျှင် စိတ်၏အကြီးအကဲ
ဖြစ်တော့သည်။
