နှစ်ဆန်း(၂)ရက်
မနှစ်ကလိုပဲ ဘာစလုပ်ရမှန်းမသိလို့
ရေအရင်ချိုးထားလိုက်တယ်။
ကိုယ့်စာသားများ
စိုင်းထီးဆိုင်သီချင်းအလိုက်နဲ့
လေချွန်နေမိ။
နှစ်သစ်စိတ်ကူးလိပ်ပြာလေး
သီချင်းအဆုံးမှာ ဖျပ်ခနဲထိုးကျသွားပြီ။ မှိတ်ထားတဲ့မျက်ဝန်းလေး ပြန်ပွင့်ပြီ။
လွှင့်ထားတဲ့ လေတံခွန်လေး
ပြန်ကျသွားပြီ ဒီနှစ်
ဒုက္ခကဒီကစတယ် ယာဉ်စီးခနှစ်ဆနဲ့။
ကိုရွေး
