Wednesday, September 10, 2014

ဟိုယွန်မီကို သနားတယ်


ဟိုယွန်မီကို သနားတယ်

အမြဲတမ်းတွန့်​ကြေ​နေတဲ့ စိတ်​ရယ်​....
ဘရိတ်ဓါးလို ပါးပါးလျားလျားရှိသ​လောက်
ပိပိရိရိ ဖြတ်တောက်နိုင်​စွမ်းတဲ့နှုတ်ခမ်းရယ်​.. လမ်းမကြီးကို ငေးကြည့်နေတုန်းမှာပဲ

ဧည့်ခန်းထဲက တစ်ယောက်ယောက်ထံ
အ​ကောက်ကြံဖို့ ခ​လောက်ဆန်နေတဲ့ မျက်ဝန်းရယ်....
ရယ်​ရွှင်​စရာတွေ ပြောနေရင်းမှာပဲ

မျောက်မင်းအူသံတီးလုံးကို
ဖျတ်ခနဲပြောင်းပြီးတော့
ရင်​ဘတ်စည်တီးလွမ်းပြ
သည်လိုနဲ့ဇာတ်ခေါင်းကွဲခဲ့ကြ​ပေါင်းများပြီ။

သူမရဲ့ကြန်အင်​အသီးသီးဟာ
ဂန္တ၀င် ဟစ်စတီးရီးယားစရိုက်​လား... ဆိုက်ကိုနျူရိုးဆစ်ဝေဒနာမျိုးလား...
လိင်​စိတ် နိုးကြွလွန်းတာပဲလား....
စိတ်ခွဲပညာရှင်`` ဖရွိုက်´´တောင်​မှ
သူမရဲ့အ​မှောင်​စိတ်(အနီး) မှာ
ချောင်​ပိတ်ပြီးအငိုက်မိသွားနိုင်​တယ်။
စိတ်အ​ရောင် ခဏခဏပြောင်းနေတဲ့

ခုနှစ်ထွေအကဆန်းဆန်းမှာတော့
ပထမတန်းစားသရုပ်ဆောင်​တစ်ယောက်ပေါ့.. သူမရဲ့အ​မှောင်ချောက်ထဲက
ပြောင်မြောက်တဲ့ထိုးဇာတ်အခင်းအကျင်းကို

မိုးနတ်မင်းကြီး ငုံ့ကြည့်နေတယ်လေ....

မောင်​ခိုင်​မာ