အချစ် (သို့) ဘ၀ရဲ့အလင်း
အချစ်ဆိုတဲ့ ခက်ခဲတဲ့ဘာသာရပ်
အထာမနှပ်ဘဲ သင်ယူချင်မိတဲ့ငါ့ကို
အပြစ်မယူနဲ့ ချစ်သူ . . . ။
အစကိုက မလှပတဲ့ ငါ့ဘ၀က
နွေညတစ်ည ကြွေကျခဲ့တဲ့
အလင်းပျောက်ကြယ်ပါ . . . ။
မှောင်မိုက်လို့ အေးချမ်းတဲ့
ငါ့ဘ၀ညတွေမှာ အလင်းရောင်ပေးတဲ့
လမင်းကလေးမင်းဖြစ်ရင်
တစ်ခြမ်းပဲ လင်းစေဦးတော့
ငါကျေနပ်နေမယ် . . . ။
အချစ်ဆိုတဲ့ ခက်ခဲတဲ့ဘာသာရပ်
အထာမနှပ်ဘဲ သင်ယူချင်မိတဲ့ငါ့ကို
အပြစ်မယူနဲ့ ချစ်သူ . . . ။
အစကိုက မလှပတဲ့ ငါ့ဘ၀က
နွေညတစ်ည ကြွေကျခဲ့တဲ့
အလင်းပျောက်ကြယ်ပါ . . . ။
မှောင်မိုက်လို့ အေးချမ်းတဲ့
ငါ့ဘ၀ညတွေမှာ အလင်းရောင်ပေးတဲ့
လမင်းကလေးမင်းဖြစ်ရင်
တစ်ခြမ်းပဲ လင်းစေဦးတော့
ငါကျေနပ်နေမယ် . . . ။
