Wednesday, September 10, 2014

ရပ်​တန့်ုခြင်းသို့

ရပ်တန့်ချင်းသို့.....

ငါလက်နဲ့ငါချုပ်
ငါဆုတ်ကိုင်ထားတဲ့
ငါအလုပ်ဆိုတာတွေ---

ဖော်ရွေ့ဗျူငှါ
လူတကာဆိုတဲ့
ဝိုင်းပယ်ခြင်းတွေ----

ငါခရီးငါဖောက်
ငါလျှောက်ခဲ့တဲ့
လမ်းသွယ်လေးတွေ---

ငါ့ခွန်အားငါသုံး
ငါစည်းရုံးခဲ့တဲ့
လူမှု့ကွန်ယက်တွေ---

ရပ်တန့်ခဲ့ရပြီ
အားလုံးအားလုံးပါပဲ ။

ငါပျိုတုန်းကဆို
ငါကိုကျောမှီ
အစချီလာပုံတွေကမနည်း

အခုဆို---
ငါ့သားငါ့သမီး
ငါမြေးဆိုတာတွေနဲ့....

ငါ့လက်နဲ့ပေးကမ်း
ငါကြောင်းပေးခဲ့ရတဲ့
ဝမ်းတွေ-----
အခု--အခု
ငါ့ မိတ်ဆွေတွေဘယ်မှာတုန်း ။

ကဲ-ဘာတတ်နှိုင်သေးလဲ
အိပ်ရာထဲဗုန်းဗုန်းကျ
အားလုံး--အားလုံး
ဆုံးရှုံးရပြီလေ-----

ဒီအချိန်
ရေတစ်​ခွက်ဆိုတာထက်
ချိုမြတဲ့စကားတခွန်း
အားပေးတဲ့လက်တစ်​စုံ
အားလုံကိုမျှော်လင့်လျက်ပါ။

အရင်ကဆို
လမ်းပေါ်မှာ
တေးတကျော်ကျော်
ငါ့အနားမှာအဖော်တွေနဲ့
ကျော်လို့မော်လို့ပေါ့ ။

ငါ--အခုအိုမင်းခဲ့ပြီ
ဘဝတစ်​ခုကိုအုပ်ဖုံး
နိုဂုံးချုပ်တော့မှာလား။

ငါ့သားငါ့သမီး
ငါ့ဇနီးငါ့မြေးတို့ရေ
မင်းတို့နောင်တချိန်
ငါလိုရေတိမ်နစ်မှာပဲ

သင့်ဇနီးသင့်သား
ပစ်ထားခံရမှာပဲ
သင့်သားသမီး
သင့်မြေးသင့်​သား
ပစ်ထားခံရမှာပဲလေ ။ ။

မျိုးဆက်။အောင်သာ