ခေတ်သစ် Valentines day
ကျွန်တော်ရဲ့
နှလုံးသား တောင်ကုန်းတဝိုက်ကို
သူမ--
ဗုံးကြဲတိုက်ခိုက်တဲ့နေ့မှာပဲ-----
စကားလုံးတွေ
တအုံးအုံးပေါက်ကွဲ
မိုက်မဲစွာ ချစ်တတ်လာခဲ့တယ် ။
ကျွန်တော် တွေးကြည့်တယ်---
နောင်အနှစ်တစ်ထောင်ကြာတဲ့အခါ
အဲ့ဒီနေ့ကို
valentine.s day လို့
သတ်မှတ်ကြမယ်ထင်တယ်
သူငယ်ချင်းတွေကလဲ
သဘောတူတယ်
ဖြစ်နှိုင်ပါတယ်
ငပေါရယ်တဲ့။ ။
နတ်ရွာမိုး