ဝေဒနာများနဲ့လူ
ဝေဒနာများနဲ့လူ
ငါ့ရဲ့အပြင်ပန်းသဏ္ဌာန်က
တည်ငြိမ်နေသယောင်ရှိပေမဲ့
အတွင်းမှာတော့ဝေဒနာတွေ
ကမ္ဘာပျက်လုမတတ်
ဆူပွက်ပေါက်ကွဲနေတယ်ဆိုတာကို
မင်းသိအောင် ငါဘယ်လို
ရှင်တမ်းထုတ်ရလေမလဲ
မင်းသိအောင်ဆိုပြီး
ယောင်္ကျားတန်မဲ့
မယာပရိယာယ်သုံးပြီး
မချွဲတတ်မနွဲ့တတ်
မပြောတတ်လေတော့
အခံရခက်စွာ ဝေဒနာတွေကို
ကြိတ်မှိက်မျိုသိပ်နေရတယ်
မျိုသိပ်ရလွန်းအားကြီးလို့
ပွင့်အန်လာတဲ့ ဒီစာသားတွေဟာ
ငါ့ရဲ့သမုဒယစေတမာန်ရယ်လို့
မင်းသိခဲ့ရင်သိပ်ကောင်းမှာပဲ
မင်းများသိခဲ့ရင်ဆိုတဲ့
အတွေးကလေးနဲ့
ကြိတ်ပြီးစိတ်ကူးယဉ်ခဲ့တာလဲ
အမောပါပဲ
စိတ်ကူးယဉ်ကမ္ဘာထဲမှာတော့
သိပ်ကြည်နူး
သိပ်ပျော်နေခဲ့တာပေါ့
ဒါပေမဲ့လေ.....
စိတ်ကူးယဉ်ခြင်းမှ နိုးထလာတော့
ဝေဒနာမုန်တိုင်းကြီးက
အရေကိုဆုပ်ခွာ
အသဲကိုရက်ရက်စက်စက်
ထိုးဆွတော့တာပါပဲ
ငါတမြေ့မြေ့
နာကျင်ခံစားနေရတယ်
မင်လက်ဖဝါးနုနုလေးနဲ့
အနာတရတွေကြောင့်
ငိုကြွေးနေတဲ့
ငါ့အသဲနုနုကိုအသာအယာဖိပြီး
အနွေးဓာတ်လေး
ပေးပါလားကွယ်
အမောပြေကလေး
တရေးတမှေးလောက်
အိပ်စက်ချင်လို့ပါကွယ်။
khaeluu