Wednesday, September 10, 2014

မင်းမှမင်း

လင်းလက်ခွင့်မရှိတဲဘဝမှာ ကြယ်လေးမဖြစ်ချင်ပါဘူး
ချို့ယွင်းချက်ရှိတဲ့ဘဝမှာ ပန်းချီဆရာလည်းမဖြစ်ချင်ဘူး
ပြုံးပြခွင့်မရှိတဲ့ဘဝမှာ အောင်နိုင်သူလည်းမဖြစ်ချင်ပါဘူး
နွေမရှိတဲ့အရပ်မှာ ကဗျာဆရာလည်းမဖြစ်ချင်ပါဘူး
မနီးစပ်​နိုင်တော့တဲ့ဘဝမှာ

အချစ်ဆိုတာလည်းမထားချင်ပါဘူး
အစစ်အမှန်တော့.....
လှိုင်းမိနေတဲ့လှေတစင်းဟာ
ကမ်းစပ်မှာ ကမ်းကပ်နိုင်အောင်
မျှော်လင့်နေသလို
ငါဆိုတဲ့လူဆိုးလေးဟာလဲ
ငါ့ရဲ့ဘဝ ငါ့ရဲ့အလင်းရောင်

ငါ့ရဲ့အတွေးပုံရိပ်တွေဟာ
မင်းမှမင်းပါချစ်သူ
ဒါပေမဲ့ ကြမ်းတမ်းလွန်းတဲ့
ငါ့ဘဝထဲမှာ
မင်းလေးကမ်းလှမ်းတဲ့လက်တစုံကို

ငါမဆုပ်ကိုင်ရဲဘူးလေ.....
မင်းလေးကိုမချစ်လို့
မဟုတ်ဘူပေါ့ချစ်သူ

ခွန်​ထွိုက်​ခမ်း