Wednesday, September 10, 2014

ငါး...

ငါး

ငါးအ​သေ​ကောင်လိုချင်​ရင် ဈေးမှာဝယ်ပါ
ကြောက်လန့်နေတဲ့ ငါးတစ်ကောင်​လိုချင်​ရင်
ပိုက်ကွန်တွေနဲ့ဖမ်းပါ....
ဒဏ်​ရာရ​နေတဲ့ ငါးတစ်ကောင်​လိုချင်​ရင်
ငါမျှားချိတ်မှာ အစာတပ်ပြီးမျှားပါ
အရုပ်နဲ့တူတဲ့ ငါးတစ်ကောင်​လိုချင်​ရင်
မှန်တွေနဲ့လုပ်ထားတဲ့
ရေကန်အတုထဲမှာ မွေးပါ
ငါးအစစ်တစ်ကောင်လိုချင်​ရင်​တော့
ကျောက်ဆောင်​တစ်ခုလိုရပ်နေပါ
ရင်​ဘတ်ကို ဖွင့်ထားပါလမ်းမှားလာတဲ့
ငါးအစစ်တစ်ကောင်​က
မင်းရဲ့ နှလုံးသားကိုတောင်ဝင်ပြီး
တိုးခွေ့သွားလိမ့်မှာ...
အသက်​ရှုသံတွေနဲ့ရေလှိုင်းတွေကို
ဖန်ဆင်းလိုက်တဲ့အခါပျော်ရွှင်​စွာ
ကစားနေမယ့်ငါးအစစ်တစ်ကောင်​ကိုရရှိမှာ
မင်းရဲ့လက်ချောင်းတွေနဲ့သူ့ကိုဖမ်းဖို့
မကြိုးစားတဲ့အထိသာ ။ ။
မြင့်မိုးအောင်