Wednesday, September 10, 2014

ကိုယ်​အ​ကြောင်းနဲ့ကိုယ်

ကိုယ့်အ​ကြောင်းနဲ့ကိုယ်

တံခါးကို ခေါက်လိုက်တော့
တံခါးခေါက်သံပဲ အဖတ်တင်​တယ်
အခန်းက ပွင့်မလာဘူး။

မီးမှိတ်လိုက်တော့ ခလုတ်နှိပ်သံပဲ
အဖတ်​တင်​တယ် အ​မှောင်​ကကျမလာဘူး။

နေ့လယ်နေ့ခင်းလမ်းထဲမှာ
လူသူရှင်းနေတယ်
စိုထိုင်းထိုင်း အကြည့်တစ်ချက်
လေပူတွေ ဖောက်ထွက်ပြီး
ကင်းဗတ်​စ​ပေါ်ပက်ချလိုက်တော့
ကျွန်တော်ပန်းချီကားဆွဲတာပဲ
အဖတ်တင်​တယ် လူရုပ်​မ​ပေါ်ဘူး။

သို့သော်.....
ကျွန်တော် ဒီလိုစိတ်ကူးထားတယ်။

ဝင်းမြင့် (သရဖူမဂ္ဂဇင်း)