ပြောင်းလဲခြင်း
♥ ♥ ♥ ♥ ♥ ♥
တစ်ခါက နင်ယုယစွာ
နမ်းခဲ့တဲ့ငါ့ပါးပြင်
အခုတော့...
နင့်ရဲ့လက်ဝါးပြင်နဲ့
ဖုံးလွှမ်းခဲ့ပေါ့
တစ်ခါက
နင်မှေးစက်ခဲ့တဲ့ ငါ့လက်မောင်း
အခုတော့...
နာကျင်မှုတွေနဲ့ ခံစားခဲ့ရပေါ့
တစ်ခါက
နင်မှီခိုခဲ့တဲ့ငါ့ရင်ခွင်
အခုတော့
နင့်ရဲ့ရိုက်ခတ်မှုနဲ့
တစစီလွင့်မျှောခဲ့ရပေါ့
တစ်ခါက နင်သိပ်ချစ်
ခဲ့ပါတယ်ဆိုတဲ့စကား
အခုတော့..
အမုန်းစကား ခါးသထက်ခါးခဲ့ရပေါ့
တကယ်တော့
ချစ်သူရယ်
ဘဝနှစ်ခုရဲ့ကြားမှာ
တစ်ယောက်ကို တစ်ယောက်
မာန,အတ္တဆန်မှုကြောင့်
ဆုံမှတ်လွဲခဲ့ရတာပါ
ဒါပေမဲ့ကွယ်
တစ်ချိန်ကနင်ပေးခ့တဲ့
အနမ်းတွေ,ယုယမြတ်နိုးခြင်းတွေ
ခုချိန်ထိ ငါ့ရင်ထဲမှာ
သိမ်းဆည်းထားဆဲပါ
ချစ်သူ
L W L
♥ ♥ ♥ ♥ ♥ ♥
တစ်ခါက နင်ယုယစွာ
နမ်းခဲ့တဲ့ငါ့ပါးပြင်
အခုတော့...
နင့်ရဲ့လက်ဝါးပြင်နဲ့
ဖုံးလွှမ်းခဲ့ပေါ့
တစ်ခါက
နင်မှေးစက်ခဲ့တဲ့ ငါ့လက်မောင်း
အခုတော့...
နာကျင်မှုတွေနဲ့ ခံစားခဲ့ရပေါ့
တစ်ခါက
နင်မှီခိုခဲ့တဲ့ငါ့ရင်ခွင်
အခုတော့
နင့်ရဲ့ရိုက်ခတ်မှုနဲ့
တစစီလွင့်မျှောခဲ့ရပေါ့
တစ်ခါက နင်သိပ်ချစ်
ခဲ့ပါတယ်ဆိုတဲ့စကား
အခုတော့..
အမုန်းစကား ခါးသထက်ခါးခဲ့ရပေါ့
တကယ်တော့
ချစ်သူရယ်
ဘဝနှစ်ခုရဲ့ကြားမှာ
တစ်ယောက်ကို တစ်ယောက်
မာန,အတ္တဆန်မှုကြောင့်
ဆုံမှတ်လွဲခဲ့ရတာပါ
ဒါပေမဲ့ကွယ်
တစ်ချိန်ကနင်ပေးခ့တဲ့
အနမ်းတွေ,ယုယမြတ်နိုးခြင်းတွေ
ခုချိန်ထိ ငါ့ရင်ထဲမှာ
သိမ်းဆည်းထားဆဲပါ
ချစ်သူ
L W L