Wednesday, September 10, 2014

*နှစ်​သစ်​သ၀ဏ်​လွှာ* W Z O

*နှစ်​သစ်​သ၀ဏ်​လွှာ*

ချစ်​သူ .....
ဒီနှစ်​လည်းမင်း​ခေါင်းထက်​မှာ
ပိ​တောက်​၀ါ​တွေဝဲ​နေ​အောင်
ပန်​မ​ပေးခဲ့ရဘူး​နော်​ ...

ချစ်​သူ .....
မင်းရင်​ခွင်​​အေးဖို့ သင်္ကြန်​​ရေလည်း
လောင်းမ​ပေးခဲ့ရဘူး​နော်​...

ချစ်​သူ....
အတူ​နေဖို့​တွေးလို့
အနာဂတ်​အ​ရေးလည်း
မ​ဆွေး​နွေးခဲ့ရဘူး​နော်​...

ဒါ​ပေမယ့်​ ချစ်​သူ....
ရာသီ​တွေ​ပြောင်း
နှစ်​​တွေ​ဟောင်းသွားလည်း
ငါ့အချစ်​က မင်းနှလုံးသားထဲမှာ
ပုန်း​အောင်းကာချစ်​​နေဆဲပါ ။

နှစ်​သစ်​မှာလည်းအချစ်​စစ်​နဲ့ပဲ
ဆက်​ချစ်​ကာ​နေမြဲမို့
ချစ်​သူရယ်
တို့နှစ်​​ယောက်​ တစ်​​နေ့
ဆုံ​တွေ့ ကြရမှာပါကွယ်​....

w.zo