Wednesday, August 6, 2014

အပျိုကြီးမဖြစ်စေချင် (ရင်တွင်းဖြစ်)စိုင်းဟေမာန်

(အပျိုကြီးမဖြစ်စေချင်)

ဆယ်ကျော်အသက် လှပချက်ကြောင့်
မာနတွေဖုံး အလှဆုံးဟု
ဂုဏ်ဒြပ်တွေဖွင့် မာန်တွေစွင့်ကာ
နေမိပါ၍......
ကာလတွေပြောင်း ချိန်တွေနှောင်းသော်
တစ်ကိုယ်တည်းကျန် ဖြစ်ရပြန်သည် အလားသဏ္ဌာန် ကညွတ်ခွေနှင့်
တူသတဲ့.....
ရေရှိစဉ်စိမ်းလန်း ရေနှင့်ဝေးသော်
တမြေ့မြေ့ဆွေး၍ ပုတ်ပွကာနေရှာပေါ့
အရွယ်ကောင်းသော် အလွန်ပျော်ပြီး
ချိန်ခါနှောင်းသော် သောကကိုရင်ဝယ်ပိုက်
အိပ်မရတဲ့ညတွေ သူ့ကိုယ်နှိပ်စက်
အတွေးတွေနှင့် အိပ်ပျက်ရင်း
သူများကလေး ထိန်းကျောင်းပေး၍
ဘဝကိုကျေနပ် အိုမင်းခဲ့ရလေပြီ--အပျိုကြီးမဖြစ်စေချင်.....

စေတနာဖြင့်(ရင်တွင်းဖြစ်)စိုင်းဟေမာန်