အနှစ် - သူ့ရှင်{ကလေး}
အနှစ်
♨ ♨ ♨ ♨
ဤမျှနှင့်လျှင်
ဘဝတစ်ခွင်၏
ပုံလီဆန်းပြား
သဘောတရားကို
တွေးဆ၍မြင်5
စိတ်မှာထင်သည်..။
ရွေ့ရွေ့မျောသွား
သဘောတရားတို့
ဘာမျှရေရာ
မရှိပါလဲ..
ငါသိသမျှ
တတ်သမျှဖြင့်
ကျိုးပြုဝန်တာ
ဤမျှသာလျှင်
အနှစ်ဟူ၍ ငါရပြီ...။
သူ့ရှင်{ကလေး}