Friday, August 22, 2014

ဥယျာဉ်​မှူး(လင်းဆက်​)

ဥယျာဉ်​မှူး(လင်းဆက်​)

မခူးရက်ပါ
ဆူးချက်ကိုကြောက်လို့မဟုတ် ။

မဆင်ရက်ပါ
ပင်ထက်ကိုမမှီလို့မဟုတ်

မနမ်းရက်ပါ
အလှမ်းခက်မှာစိုးလို့မဟုတ်

ခူးချင်ဆင်ချင်ယုယချင်ပေမယ့်
သခင့်အတွက်
ပင့်သက်ဟာကဗျာ
ကာရံဟာအိပ်မက်ပေမို့
ရက် . လ . မှ. .နှစ် တွေပြောင်း
သြော် --- အသက်တမျှချစ်နေကြောင်းကို
ရေလောင်းပေါင်းသင် ပြုပြင်ဖူးပါတဲ့
ဥယျာဉ်မှုးလို.. ကျွန်ုပ်